ရန်ကုန်၊ မေ ၂၇- သုံးခွမြို့နယ် ပင်လယ်အတွင်း လေပွေတိုက်ခတ် မှုကြောင့် ငါးဖမ်းစက်လှေနှစ်စင်း တိမ်းမှောက်ပြီး ရေလုပ်သားရှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာရန်ကုန်တိုင်း ဒေသ ကြီး၊ သုံးခွမြို့နယ်၊ သာယာမြိုင် ကျေးရွာမုတ္တမပင်လယ် အရှေ့ ဘက်ခြောက်မိုင်ခန့်အကွာ မီး လောင်ချောင်းဝပင်လယ်ကမ်းစပ် ၌ ငါးဖမ်းစက်လှေ နှစ်စင်းပေါ်မှ အလောင်းရှစ် လောင်းတွေ့ရှိကြောင်း၊ မေ ၂၆ ရက် မွန်းလွဲ ၁၂ နာရီကျော် ခန့်ကသတင်းအရ သုံးခွမြို့မရဲ စခန်းမှ ရဲတပ်ဖွဲ့ဝင်ပူးပေါင်းအဖွဲ့ က သွားရောက်စစ်ဆေးရာ ဦးကျော် သူ(၄၀)နှစ်ပါ ကျားရှစ်ဦးတို့အား ပြင်ပဒဏ်ရာမတွေ့ရှိဘဲ မျက်နှာ ပြာနှမ်း၊ လက်၊ ခြေချောင်းများ အရေခွံတွန့်ပြီး ရေနစ်သေဆုံးထား သည်ကိုတွေ့ရှိခဲ့သဖြင့် အလောင်း များအား သုံးခွမြို့ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ခဲ့ကြောင်းပြည်ထဲ ရေးဝန်ကြီးဌာနမှ သိရသည်။

ငါးဖမ်းစက် လှေနှစ်စင်း ပေါ်တွင်ရေလုပ်သား ၁၂ ဦး အ နက် ရှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး လေးဦး လွတ်မြောက်ခဲ့ကြောင်း ၊ လွတ်မြောက်လာသူများကို မေး မြန်းရာ ၎င်းင်းတို့မှာ သေဆုံးသူ ဦးကျော်သူပါ ရှစ်ဦးနှင့်အတူမီး လောင်ချောင်းဝကမ်းစပ်မှ ရေမိုင် ခြောက်မိုင်ခန့်အကွာ မုတ္တမပင် လယ်ပြင်၌ အလျားပေ ၃၀၊ အနံ ခြောက်ပေခန့်ရှိ ငါးဖမ်းစက်လှေ နှစ်စင်းဖြင့် ငါးပိုက်ထောင်နေစဉ် လေပွေတိုက်ခတ်သဖြင့် စက်လှေ များ တိမ်းမှောက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရ သည်။

စက်လှေ တိမ်းမှောက်၍ ရေများဝင်လာစဉ် ဦးကျော်သူပါ ရှစ်ဦးမှာအိပ်ပျော်နေသဖြင့် စက် လှေအတွင်း ရေနစ်သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်မြောက် ခဲ့သူများမှာ စက်လှေပေါင်းမိုးအား တွယ်ကပ်ထား၍ မသေဆုံးခြင်း ဖြစ်ကြောင်း၊ အခြားငါးဖမ်းစက် လှေများ၏ အကူအညီဖြင့်ကမ်း စပ်သို့ဆွဲယူလာခဲ့ရာ မီးလောင် ချောင်းဝကမ်းစပ်သို့ ရောက်ရှိခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှသိရသည်။

သုံးခွမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်က" မေ ၂၅ ရက်ညဉ့် သန်းခေါင်ကျော်က မုတ္တမပင်လယ် ထဲမှာ လေပွေတိုက်ခတ်ပြီးတော့ ငါး ဖမ်းစက် လှေတွေမှောက်သွားတာ။ ကမ်းနဲ့ဆို ရေမိုင်ခြောက်မိုင်လောက် ဝေးတယ်။ သူတို့က ငါးဖမ်းထွက် လာတာ။ သူတို့ပြောပြချက်အရဆို လေပွေနဲ့ပါသွားတယ်။ ပြီးတော့ သေဆုံးသူတွေက ငါးဖမ်းပိုက်တွေ နဲ့ညှိပြီးတော့ထွက်မရတာ ဖြစ်သွား တယ်။ အနီးနားမှာရှိတဲ့ စက်လှေ တွေက မီးလောင်ချောင်းဝကို ဆွဲလာ တာ။ဆွဲလာမှအလောင်းရှစ်လောင်း တွေ့တာ။ တစ်စင်းမှာခြောက်ယောက် စီပါတယ်။ သေသွားတဲ့ လူကရေ ကူးကျွမ်းတယ်။ ပိုက်တွေနဲ့ညှိပြီး တော့ ရုန်းမထွက်နိုင်တာပေါ့ " ဟု ဒီမိုကရေစီတူဒေး၏မေးမြန်းမှုကို မေ ၂၇ ရက်တွင် ဖြေကြားသည်။ သေဆုံးသူရှစ်ဦးမှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာတွင် နေထိုင်ကြောင်း၊ မေ ၂၇ ရက် နေ့လယ်ပိုင်းအထိ အလောင်းရှစ် လောင်းကိုမီးလောင်ချောင်းဝပင်လယ်ကမ်းစပ်တွင်ထားရှိပြီး ၎င်းင်း တို့၏မိသားစုဝင်များသို့ ဆက်သွယ် အကြောင်းကြား ထားကြောင်း ၎င်းင်းက ပြောသည်။

"မိသားစုတွေ လာရင်တော့ သြင်္ဂိုဟ်မှာပေါ့။ ဒီဘက်မှာတော့ ပင်လယ်ကမ်းစပ်မှာ ငါးဖမ်းထွက် တဲ့ စက်လှေတွေရှိတယ်။ ဒီလိုကြုံ ဖူးတာကတော့ ရှားတယ်" ဟု ၎င်းင်းက ဆက်လက်ပြောသည်။ ယင်း သို့ ဖြစ်ပွားပြီးနောက် အလားတူ ထပ်မံမဖြစ်ပေါ်စေရန် ငါးဖမ်း စက်လှေများကို အသိပညာပေး မှုများပြုလုပ်နေကြောင်း၊ မကြာမီ မိုးဦးကျကာလအတွင်း မုန်တိုင်း လေပြင်းများ ကျရောက်ပါက သတိ ပြုရှောင်ရှားရန်လိုကြောင်း သုံးခွ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော် မျိုးနိုင်ကပြောသည်။ သုံးခွမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက "သေမှုသေခင်းဖွင့်ပြီး စစ်ဆေး ဆောင်ရွက်နေပါတယ်" ဟု ဒီမို ကရေစီတူဒေးသို့ ပြောသည်။

၎င်းင်းရေလုပ်သားရှစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး သုံးခွမြို့မ ရဲစခန်းတွင် သေမှုသေခင်းအမှတ် စဉ်(၉/၂၀၁၉) ဖြင့်ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

 

WYHW/Democracytoday